WGC အဖွဲ့ဝင် IRIS TEAM အနေဖြင့်လည်း CDM သူရဲကောင်းများကို SUPPORT ပေးနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားမည်ဖြစ်ပါကြောင်း

WGC အဖွဲ့ဝင် IRIS TEAM အနေဖြင့်လည်း CDM သူရဲကောင်းများကို SUPPORT ပေးနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားမည်ဖြစ်ပါကြောင်း

WGC အဖွဲ့ဝင် Iris Team အနေဖြင့်လည်း CDM သူရဲကောင်းများကို Support ပေးနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

CRPH – CDM Supporting Team

ပြည်သူ့ဝန်ထမ်းများအတွက် ကူညီထောက်ပံ့မှုများကို ပိုမိုထိရောက်စွာပြုလုပ်နိုင်ရန် CRPH – CDM Supporting Team မှ အဖွဲ့ဝင်များ နှင့် ဝိုင်းကြီးချုပ်(WGC)တွင်ပါဝင်သည့် CDM Supporting ပြုလုပ်သောအဖွဲ့များသည် ၁၇.၄.၂၀၂၁ ရက်နေ့တွင် Zoom Application ဖြင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် Civil Disobedience Movement (CDM) သည် အရေးအကြီးဆုံးသော အခန်းကဏ္ဍတွင်ပါဝင်လျှက်ရှိပါသည်။

ယခုကာလတွင် CDM လုပ်ဆောင်လျှက်ရှိသော ပြည်သူ့ဝန်ထမ်းများအတွက် ကူညီထောက်ပံ့မှုများ အမှန်တကယ်လိုအပ်နေပါကြောင်း ပြည်သူများအားအသိပေးတင်ပြအပ်ပါသည်။

ရှေ့ဆက်ရမည့်တော်လှန်ရေးခရီးတွင် CDM ကိုလုပ်ဆောင်လျှက်ရှိသော ဝန်ထမ်းများ၏ လူမှုဘဝအဆင်ပြေစေရေးအတွက် CRPH – CDM Supporting Team ၊ ဝိုင်းကြီးချုပ်(WGC) အဖွဲ့များနှင့် ပြည်တွင်းပြည်ပမှနိုင်ငံသားများအားလုံး လက်တွဲပြီးဝိုင်းဝန်းကူညီကြမှသာလျှင် ခိုင်ခိုင်မာမာဆက်လက်ရပ်တည်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ယနေ့ဆွေးနွေးပွဲတွင် ရန်ပုံငွေစုဆောင်းရရှိနိုင်ရေး ၊ ကူညီထောက်ပံ့မှုများအား အဆင်ပြေချောမွေ့စွာဖြန့်ဝေပေးပို့နိုင်ရေး၊ တာဝန်ခွဲဝေဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ပြည်တွင်း ပြည်ပမှ လှူဒါန်းမှုများသည် ငွေကြေးစီးဆင်းမှုခက်ခဲနေသော်လည်း ရောက်ရှိလာသော အလှုငွေများကို ကြန့်ကြာမှုမရှိစေဘဲ ဖြန့်ဝေပေးလျှက်ရှိပါသည်။

CRPH – CDM Supporting Team အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကူညီထောက်ပံ့မှုများပေးပို့ခြင်းကို ဆောင်ရွက်လျှက်ရှိသည့်အပြင် အရေးတကြီးလိုအပ်သော ပြည်သူ့ဝန်ထမ်းများအတွက်လည်း အမြန်ဆုံးကူညီထောက်ပံ့ပေးပို့လျှက်ရှိပါသည်။

ဝိုင်းကြီးချုပ် (WGC) အဖွဲ့များကလည်း CDM လုပ်ဆောင်လျှက်ရှိသော ပြည်သူ့ဝန်ထမ်းများကို ဝန်ကြီးဌာနအလိုက် ကူညီပံ့ပိုးပေးလျှက်ရှိပါသည်။

ယခုအချိန်သည် တော်လှန်ရေးကာလဖြစ်သည့်အတွက် ကူညီထောက်ပံ့မှုများကို လုပ်ဆောင်လျှက်ရှိသော်လည်း CDM ပြည်သူ့ဝန်ထမ်းဦးရေအနည်းငယ်ကိုသာ ပံ့ပိုးပေးနိုင်ပြီး လိုအပ်ချက်များ ၊ ကြန့်ကြာမှုများ ရှိနေမည်မှာ သေချာပါသည်။

CDM ဆောက်ရွက်လျှက်ရှိသော ပြည်သူ့ဝန်ထမ်းများသည် စစ်ကောင်စီ၏ဖိနှိပ်မှု ၊ ချိန်းခြောက်မှုမျိုးစုံအပြင် စားဝတ်နေရေးအခက်အခဲများလည်း ရင်ဆိုင်နေကြသည်ကိုလည်း သိရှိပြီးဖြစ်ပါသည်။

ထို့ကြောင့် ယခုထက်ပိုမို ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရန်အတွက် CRPH – CDM Supporting Team နှင့် ဝိုင်းကြီးချုပ်(WGC)အဖွဲ့များကဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အခက်အခဲမျိုးစုံကြားမှနေ၍ အလံမလဲစတမ်း ခိုင်မာစွာရပ်တည်နေကြသော CDM ပြည်သူ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

စုပေါင်းအင်အားဖြင့် အရေးတော်ပုံအောင်ရမည်