FOR CDM COMMUNITY

ပြည်ပနိုင်ငံတွေက အလှူရှင်တွေ ဝိုင်းကြီးချုပ်ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ We Pledge CDM Web App ကနေ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေကို လှူဒါန်းနိုင်ပါပြီ။ ပြည်တွင်းအလှူရှင်တွေက အရင် တိုက်ရိုက်လှူနေကြပုံစံအတိုင်း ပြည်သူ့ဝန်ထမ်းများကို ဆက်လှူဒါန်းသွားနိုင်တယ်။ ပြည်ပနိုင်ငံများမှ အလှူရှင်တွေက အခု တော်လှန်ရေးကာလထဲမှာ စားဝတ်နေရေးနဲ့ လူမှုအခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည်သူများကို ကူညီဖို့အတွက် သက်ဆိုင်ရာ နိင်ငံတကာဘဏ်အကောင့်တွေကတစ်ဆင့် ငွေလွှဲလှူဒါန်းနိုင်မယ်။…

WE ARE BACK!

အားလုံးပဲ မင်္ဂလာပါ။ Iris ပြန်လာပါပြီ ။ အလှူရှင်များ CDM ဟီးရိုးများနဲ့ ၂ရက်တာအဆက်အသွယ် ပြတ်ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်လိုပါတယ်။ ပထမဆုံး အနေနဲ့ announced လုပ်ချင်တာကတော့ Iris အနေနဲ့ ပြည်တွင်းအလှူရှင် အသစ်များကို အချိန်အတိုင်းအတာ တခုအထိ လက်ခံနိုင်အုံးမည်မဟုတ်ပါကြောင်း တောင်းပန်အသိပေးလိုပါတယ်။ အရင် ပြည်တွင်းအလှူရှင်ဟောင်းများ အနေနဲ့တော့ ဆက်လက်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ မက်ဆေ့ဘောက်ကနေ…

CDM တွင် ပူးပေါင်းပါဝင်သော ပြည်သူ့ဝန်ထမ်းများအတွက် ကူညီထောက်ပံ့ခြင်း

Iris ကိုယုံကြည်စွာနဲ့ လှူဒါန်းနေကြတဲ့ ပြည်တွင်းပြည်ပက မိတ်ဆွေတွေအတွက် ဝမ်းမြောက်ကြည်နူးစွာ ပီတိဖြစ်စေရန် သတင်းလေးမျှဝေချင်ပါတယ်။ Iris အနေနဲ့ CRPH နဲ့ပူးပေါင်းပြီး မနေ့က ၂၉ မတ်လ ၂၀၂၁ နေ့မှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားလုပ်ငန်းရှိ CDM တွင်ပူးပေါင်းပါဝင်သော ပြည်သူ့ဝန်ထမ်း ၄၄၀ ဦးအတွက် တစ်ဦးလျှင် ၁၀၀၀၀၀ (တစ်သိန်းကျပ်) ဖြင့် ကျပ်သိန်း…

IRIS TEAM မှ မန္တလေး (၃၄) စက်ရုံဝင်းရှိ မီးရထား ဝန်ထမ်း အိမ်ထောင်စု (၄၁) စု တို့အား တစ်အိမ်ထောင်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် သိန်းနှစ်ဆယ်ငါးသောင်း (၂,၀၅၀,၀၀၀) ကျပ်တိတိ လှူ

Iris Team မှ CDM ဝန်ထမ်းများ၏ အခက်အခဲများအား စဉ်ဆက်မပြတ် စီစစ်ကူညီလျှက်ရှိရာ မန္တလေး (၃၄) စက်ရုံဝင်းရှိ မီးရထား ဝန်ထမ်း အိမ်ထောင်စု (၄၁) စု တို့အား တအိမ်ထောင်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် သိန်းနှစ်ဆယ်ငါးသောင်း (၂,၀၅၀,၀၀၀) ကျပ်တိတိအား ချီးမြှင့်ထောက်ပံ့ခဲ့ပါသည်။ မီးရထား ဝန်ထမ်းအိမ်ယာများအနေဖြင့် လူဦးရေများပြားပြီး ယခုဖော်ပြပါနေရာသို့ လူသိနည်းပါးခြင်း၊ ဆန် ၂…