IRIS TEAM မှ မန္တလေး (၃၄) စက်ရုံဝင်းရှိ မီးရထား ဝန်ထမ်း အိမ်ထောင်စု (၄၁) စု တို့အား တစ်အိမ်ထောင်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် သိန်းနှစ်ဆယ်ငါးသောင်း (၂,၀၅၀,၀၀၀) ကျပ်တိတိ လှူ

Iris Team မှ CDM ဝန်ထမ်းများ၏ အခက်အခဲများအား စဉ်ဆက်မပြတ် စီစစ်ကူညီလျှက်ရှိရာ မန္တလေး (၃၄) စက်ရုံဝင်းရှိ မီးရထား ဝန်ထမ်း အိမ်ထောင်စု (၄၁) စု တို့အား တအိမ်ထောင်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် သိန်းနှစ်ဆယ်ငါးသောင်း (၂,၀၅၀,၀၀၀) ကျပ်တိတိအား ချီးမြှင့်ထောက်ပံ့ခဲ့ပါသည်။

မီးရထား ဝန်ထမ်းအိမ်ယာများအနေဖြင့် လူဦးရေများပြားပြီး ယခုဖော်ပြပါနေရာသို့ လူသိနည်းပါးခြင်း၊ ဆန် ၂ ပြည်၊ ဆီနှင့်အခြောက်အခြမ်းများသာ ရောက်ရှိသေးကြောင်း သိရသဖြင့် Iris မန္တလေးတာဝန်ခံမှ သွားရောက်၍ ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

(စာရင်းရှိမှာ ၄၅ အိမ်ထောင်စုဖြစ်ပြီး မိသားစု ၄ စုမှာ အခြားနယ်သို့ရှောင်တိမ်းနေပါ၍ မထောက်ပံ့ရသေးပါ။)

အခြားနေရာများတွင်လည်း ဆန်၊ဆီနှင့်အခြောက်အခြမ်း၊ ငွေသား တသောင်းကျပ်စသည်တို့သာရရှိနေခဲ့ပြီးလောက်ငမှု မရှိသေးကြောင်း သိရပါသောကြောင့် ထပ်မံလှူဒါန်းကြပါအုံးလို့ နှိုးဆော်အပ်ပါသည်။

(မိမိအစီအစဉ်ဖြင့် သွားရောက်လှူဒါန်းလိုပါက နေရာနှင့် အိမ်ထောင်စုစာရင်း ပေးပါမည်။)

ပြည်သူ့အစိုးရ CRPH ၏ ထောက်ပံ့မှုများ မရောက်နိုင်သေးခင် အရေးပေါ်လိုအပ်မှုများအား Iris Team မှ ကျားကန်ပေးထားရန် အဓိက ရည်ရွယ်ပါသည်။

Iris နှင့်အတူ CDM ဝန်ထမ်းများအား ဂုဏ်ပြုချီးမြင့်လိုပါက Page Messenger သို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းပေးနိုင်ပါရန် နှိုးဆော်အပ်ပါသည်။