Iris ကိုယုံကြည်စွာနဲ့ လှူဒါန်းနေကြတဲ့ ပြည်တွင်းပြည်ပက မိတ်ဆွေတွေအတွက် ဝမ်းမြောက်ကြည်နူးစွာ ပီတိဖြစ်စေရန် သတင်းလေးမျှဝေချင်ပါတယ်။
Iris အနေနဲ့ CRPH နဲ့ပူးပေါင်းပြီး မနေ့က ၂၉ မတ်လ ၂၀၂၁ နေ့မှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားလုပ်ငန်းရှိ CDM တွင်ပူးပေါင်းပါဝင်သော ပြည်သူ့ဝန်ထမ်း ၄၄၀ ဦးအတွက် တစ်ဦးလျှင် ၁၀၀၀၀၀ (တစ်သိန်းကျပ်) ဖြင့် ကျပ်သိန်း ၄၄၀ ကို ကူညီထောက်ပံ့ရာမှာ Iris အနေနဲ့ ကျပ်သိန်း ၃၀၀ ကို ပါဝင်ကူညီခဲ့ပါတယ် ။
CDM ပြည်သူ့ဝန်ထမ်းများ အစစအရာရာ အဆင်ပြေကြပြီး အလှူရှင်များလည်း ဝမ်းမြောက်ပီတိဖြစ်နိုင်ကြပါစေ။
Iris အနေနဲ့ ခုလို ကူညီထောက်ပံ့နိုင်တာဟာ ပြည်တွင်း ပြည်ပမှ အလှူရှင်တွေက Iris ကို ယုံယုံကြည်ကြည်နဲ့ လှူဒါန်းခဲ့ကြလို့ဖြစ်ပါတယ် ။ အလှူရှင်အဟောင်းများအနေနဲ့လည်း ထပ်မံလှူဒါန်းလိုပါက အချိန်မရွေး ဆက်သွယ်လှူဒါန်းနိုင်ကြသလို အလှူရှင်သစ်တွေအတွက်လည်း Iris မှ အချိန်မရွေးတံခါးဖွင့် လက်ကမ်းကြိုဆိုလျှက်ပါ။
ရှင်မဟာရဌသာရ ဆုံးမစာထဲက“ သေတူရှင်ဘက် ၊ ဆောင်ရွက်မကင်းအချင်းချင်းတွင် ၊ အခင်းကြီးငယ် ရှိဝယ်ခါလည်း ၊ မဖွယ်မသွေ ညီညာကုန်း၍ ရုန်းကြလေ ။ “ ဆိုတဲ့အတိုင်း ခုလိုအကြပ်အတည်းကာလကြီးကို အားလုံး စုပေါင်းပီး ညီညီညာညာနဲ့ လက်တွဲကျော်ဖြတ်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
အောက်ကလင့်ကတော့ CRPH – CDM Supporting Team က ထုပ်ပြန်တဲ့ မူရင်းပို့စ်ပါ။