ယုံကြည်ရာ ခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်း

“ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း” နွေဦးတော်လှန်ရေးမှာ အသက်နဲ့ ဘဝတွေကို စတေးခဲ့ကြတဲ့ တော်လှန်ရေးသူရဲကောင်းတို့အတွက်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရေးအတွက်၊ အရေးတော်ပုံအောင်နိုင်ရေးအတွက်၊ ယုံကြည်မှုနဲ့ လှမ်းလိုက်တဲ့ ပြည်သူများရဲ့ ခြေလှမ်းတစ်လှမ်းတိုင်းဟာ တော်လှန်ရေးအတွက် အင်အားတွေပါ။ အခု ပြည်သူများအားလုံးရဲ့ အင်အားတွေကို အစွမ်းကုန်ထုတ်ပြဖို့ အချိန်တန်ပါပြီ။ နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်များရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို…