အားလုံးပဲ မင်္ဂလာပါ။ Iris ပြန်လာပါပြီ ။ အလှူရှင်များ CDM ဟီးရိုးများနဲ့ ၂ရက်တာအဆက်အသွယ် ပြတ်ခဲ့တဲ့အတွက် အနူးအညွတ်တောင်းပန်လိုပါတယ်။
ပထမဆုံး အနေနဲ့ announced လုပ်ချင်တာကတော့ Iris အနေနဲ့ ပြည်တွင်းအလှူရှင် အသစ်များကို အချိန်အတိုင်းအတာ တခုအထိ လက်ခံနိုင်အုံးမည်မဟုတ်ပါကြောင်း တောင်းပန်အသိပေးလိုပါတယ်။
အရင် ပြည်တွင်းအလှူရှင်ဟောင်းများ အနေနဲ့တော့ ဆက်လက်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ မက်ဆေ့ဘောက်ကနေ စုံစမ်းနိုင်ပါတယ် ။
ပြည်ပမှ အလှူရှင်များအနေနဲ့ အရင်အလှူရှင်ဟောင်းများသော်လည်းကောင်း အလှူရှင်အသစ်များအနေနဲ့သော်လည်းကောင်း အချိန်မရွေး ယုံကြည်စွာနဲ့ ဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း သတင်းကောင်းပါလိုပါတယ်။
CDM ဟီးရိုးများအနေနဲ့ Iris ရဲ့ မတ်လ ၃၁ အထိ စားရင်ဝင် အသိအမှတ်ပြုထားပြီးသူများကိုသာ လစဉ် အရေးတော်ပုံအောင်သည်အထိ ဆက်လက်ထောက်ပံ့သွားမှာဖြစ်ပါတယ်။
အခြား CDM ဟီးရိုးများအနေနဲ့ CDM medium နဲ့ CDM Call Centre ကို ဆက်သွယ်ပေးကြပါ။
Iris အဖွဲ့ပါဝင်တဲ့ WGC (ဝိုင်းကြီးချုပ်) မှ CRPH နှင့် အခြားအဖွဲ့များနဲ့ပူးပေါင်းပြီး CDM ဟီးရိုးအဖွဲ့လိုက်ကို ကူညီထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုပါတယ်။