ပြည်ပနိုင်ငံတွေက အလှူရှင်တွေ ဝိုင်းကြီးချုပ်ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ We Pledge CDM Web App ကနေ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေကို လှူဒါန်းနိုင်ပါပြီ။
ပြည်တွင်းအလှူရှင်တွေက အရင် တိုက်ရိုက်လှူနေကြပုံစံအတိုင်း ပြည်သူ့ဝန်ထမ်းများကို ဆက်လှူဒါန်းသွားနိုင်တယ်။
ပြည်ပနိုင်ငံများမှ အလှူရှင်တွေက အခု တော်လှန်ရေးကာလထဲမှာ စားဝတ်နေရေးနဲ့ လူမှုအခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည်သူများကို ကူညီဖို့အတွက် သက်ဆိုင်ရာ နိင်ငံတကာဘဏ်အကောင့်တွေကတစ်ဆင့် ငွေလွှဲလှူဒါန်းနိုင်မယ်။
PC/Mobile မှ လှူရန် – www.cdmmyanmar.org Mobile App ကို နောက်ပိုင်းမှာ ဆက်လက်မိတ်ဆက်သွားပေးမယ် လို့ သိရပါတယ်။
We Pledge CDM နဲ့ လှူဒါန်းထောက်ပံ့မှုအကြောင်း အသေးစိတ် သိချင်ရင် www.cdmmyanmar.org/about_us နဲ့ www.cdmmyanmar.org/faq မှာ ဝင်ဖတ်လို့ရပါတယ်။