အားလုံးပဲ မင်္ဂလာပါ။
Iris အနေနဲ့ ၂၀၂၁ မေလ CDM ပြည်သူ့ဝန်းထမ်းများကို ကူညီထောက်ပံ့ရေးအတွက် ဇာမဏီ ၊ UCS FS တို့နဲ့ ပူးပေါင်းပြီး ထောက်ပံ့ငွေ ၂၅၅ သိန်းကျပ် ကို CRPH မှတဆင့် ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဝမ်းမြောက် ပီတိဖြစ်နိုင်ရန် Iris အနေနဲ့ ပြန်လည်မျှဝေလိုက်ရပါတယ်။
အောက်ပါမူရင်းလင့်ကနေ CRPH မှတဆင့် ကူညီထောက်ပံ့ပေးမှု့ကို သွားရောက်ကြည့်ရှု့နိုင်ကြပါတယ်။
https://www.facebook.com/109917944468299/posts/178914160902010/?d=n
ထို့အတူ ပြည်တွင်းပြည်ပ အလှူရှင်ဟောင်းများအပြင် မိတ်ဆွေသစ်များကို Iris မှ အားနာစွာဖြင့် အလှူခံလိုပါတယ်။
တော်လှန်ရေးဟာ ရှည်ကြာလာပြီဖြစ်သလို ပန်းတိုင်ရောက်ခါနီးဖြစ်လို့ လူတိုင်းဟာ သူ့အရေးကိစ္စကြီးငယ်နဲ့ ကြပ်တည်း နေကြတာကို Iris အဖွဲ့အနေနဲ့ ကောင်းစွာသိရှိ၊ နားလည်၊ စာနာမိပါတယ်။
သို့ပေမယ့် ဂျွန်လအတွက် CDM ပြည်သူ့ဝန်ထမ်းများကို ပိုမိုကူညီထောက်ပံ့နိုင်ရန် ၅၀၀/၁၀၀၀ကျပ် ၊ ၁ ဒေါ်လာမှသည် လူကြီးမင်းတို့ တတ်နိုင်သည့် ပမာဏအထိ ဝိုင်းဝန်းကူညီပေးကြပါအုံးလို့ အားနာစွာနဲ့ပဲ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ဦးအောင်ချိမ့်ရဲ့ ကဗျာတစ်ပိုဒ်လိုယနေ့ဒီလိုအခက်အခဲအတိုင်းအခက်အခဲအတိုင်းပေါ့လေ။ ငါတို့ဖြတ်ကျော်ပြီးဖြတ်ကျော်ပြီး ဖြတ်ကျော်ကြတာပေါ့လေ။ ။
#အောင်ချိမ့်
အရေးတော်ပုံအောင်တော့မည် _|||_