အားလုံးပဲ မင်္ဂလာပါ။
Iris အနေနဲ့ ၂၀၂၁ ဇွန်လအတွက် ဝန်ကြီး ဌာန အသီးသီးမှ CDM ဝန်ထမ်း ၉၇ ဦး အတွက် ၅၈ သိန်း ၂ သောင်း ကျပ် ကို CRPH မှတဆင့် ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။
ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ဝမ်းမြောက် ပီတိဖြစ်နိုင်ရန် Iris အနေနဲ့ ပြန်လည်မျှဝေလိုက်ရပါတယ်။
ဒီ မူရင်းလင့် ကနေ CRPH မှတဆင့် ကူညီထောက်ပံ့ပေးမှု့ကို သွားရောက်ကြည့်ရှု့နိုင်ကြပါတယ်။
ထို့အတူ ပြည်တွင်းပြည်ပ အလှူရှင်ဟောင်းများအပြင် မိတ်ဆွေသစ်များကို Iris မှ အားနာစွာဖြင့် အလှူခံလိုပါတယ်။
တော်လှန်ရေးဟာ ရှည်ကြာလာပြီဖြစ်သလို ပန်းတိုင်ရောက်ခါနီးဖြစ်လို့ လူတိုင်းဟာ သူ့အရေးကိစ္စကြီးငယ်နဲ့ ကြပ်တည်းနေကြတာကို Iris အဖွဲ့အနေနဲ့ ကောင်းစွာသိရှိ၊ နားလည်၊ စာနာမိပါတယ်။
သို့ပေမယ့် #ဂျူလိုင် လ အတွက် CDM ပြည်သူ့ဝန်ထမ်းများကို ပိုမိုကူညီထောက်ပံ့နိုင်ရန် ၅၀၀/၁၀၀၀ကျပ်၊ ၁ ဒေါ်လာမှသည် လူကြီးမင်းတို့ တတ်နိုင်သည့် ပမာဏအထိ ဝိုင်းဝန်းကူညီပေးကြပါဦးလို့ အားနာစွာနဲ့ပဲ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ဦးအောင်ချိမ့်ရဲ့ ကဗျာတစ်ပိုဒ်လို ယနေ့ဒီလိုအခက်အခဲအတိုင်းအခက်အခဲအတိုင်းပေါ့လေ။ ငါတို့ဖြတ်ကျော်ပြီးဖြတ်ကျော်ပြီး ဖြတ်ကျော်ကြတာပေါ့လေ။ ။
# အောင်ချိမ့်
အရေးတော်ပုံအောင်တော့မည် _|||_