ဝိုင်းကြီးချုပ်၊ GSCB နဲ့ We Pledge CDM တို့ ပူးပေါင်းပြုလုပ်တဲ့ Phone Strike သပိတ် အောင်မြင်စွာ ပြီးဆုံး

ဝိုင်းကြီးချုပ်၊ GSCB နဲ့ We Pledge CDM တို့ ပူးပေါင်းပြုလုပ်တဲ့ Phone Strike သပိတ် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။

Strike မှာ ပါဝင်ပေးကြတဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင် တစ်ယောက်ချင်းစီတိုင်းကို Iris for Wisdom, Hope, Trust, Valor မှလည်း အထူးကျေးဇူးတင်စကား ပြောကြားလိုပါတယ်။

ပုံတွင် ဖော်ပြထားသော အချက်အလက်များသည် ပြည်ပလှူဒါန်းမှုအတွက် CDM ဝန်ထမ်းများထံမှ စစ်တမ်းကောက်ယူ၍သော်လည်းကောင်း၊ ပြည်ပလှူဒါန်းမှုအတွက် International Bank Account Holders များ၏ တင်ပြချက်များကို ရယူ၍သော်လည်းကောင်း အကြမ်းဖျဥ်း တွက်ချက် ဖော်ပြထားတဲ့ အချက်အလက်များ ဖြစ်ပါတယ်။

ဆက်လက်စိစစ်ဆဲ ဖြစ်တာကြောင့် ပိုမိုတိကျတဲ့ အချက်အလက်ကို နောက်တစ်ရက်တွင် We Pledge CDM ၏ Website Application ဖြစ်တဲ့ www.cdmmyanmar.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အရေးတော်ပုံ မုချ အောင်ရမည်။

#WePledgeCDM

#PhoneStrike