ယုံကြည်ရာ ခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်း

“ယုံကြည်ရာ ခြေတစ်လှမ်း၊ တော်လှန်ရေးအတွက် ငါးသန်း”

နွေဦးတော်လှန်ရေးမှာ အသက်နဲ့ ဘဝတွေကို စတေးခဲ့ကြတဲ့ တော်လှန်ရေးသူရဲကောင်းတို့အတွက်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရေးအတွက်၊ အရေးတော်ပုံအောင်နိုင်ရေးအတွက်၊ ယုံကြည်မှုနဲ့ လှမ်းလိုက်တဲ့ ပြည်သူများရဲ့ ခြေလှမ်းတစ်လှမ်းတိုင်းဟာ တော်လှန်ရေးအတွက် အင်အားတွေပါ။

အခု ပြည်သူများအားလုံးရဲ့ အင်အားတွေကို အစွမ်းကုန်ထုတ်ပြဖို့ အချိန်တန်ပါပြီ။

နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်များရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် CRPH-OFP နဲ့ Ministry of Defence – National Unity Government of Myanmar တို့မှ ဦးစီးပြီး “5 Million Raffle Ticket Challenge” #5MillionChallenge ဆိုတဲ့ Global Campaign လေးကို ယနေ့ သြဂုတ်လ (၁၂) ရက်နေ့က စတင်ပြီး လုပ်ဆောင်သွားဖို့ရှိပါတယ်။

Campaign ရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်ဒေါ်လာ စုစုပေါင်း ငါးသန်း ပမာဏရှိတဲ့ Raffle Ticket တွေကို အလှူငွေကောက်ခံ ရောင်းချသွားဖို့ပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးသူရဲကောင်းတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ဖို့ challenge အလှူငွေ ပမာဏဖြစ်တဲ့ အမေရိကန်ဒေါ်လာ ငါးသန်းကို သြဂုတ်လအတွင်း ပြည့်မီအောင် ကမ္ဘာအနှံ့မှာရှိတဲ့ CRPH – OFP Fundraisers များမှ အလှူငွေကောက်ခံပေးသွားမှာဖြစ်သလို၊ ဒီအစီအစဉ်မှာ ပါဝင်လှူဒါန်းကြမယ့် ပြည်သူတွေကို ပြန်လည်တုံ့ပြန်တဲ့ အနေနဲ့လည်း Raffle Ticket တွေကို သြဂုတ်လ လကုန်ပိုင်းကာလမှာ မဲနှိုက်ပေးပြီး တော်လှန်ရေး အမှတ်တရ ပန်းချီကားနဲ့ အခြားပစ္စည်းလေးတွေကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

ယခု ပြုလုပ်မည့် Challenge Campaign သည် အောင်လံလွှင့်ချီ နွေဦးထီ နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိပါ။ Challenge Campaign က ရရှိလာတဲ့ အမေရိကန်ဒေါ်လာ ငါးသန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မှဦးစီး၍ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ နွေဦးတော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေကြတဲ့ ပြည်သူနဲ့ လူငယ်များရဲ့ စားဝတ်နေရေးနဲ့ အခြားသော လိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်ပြန်လည် ခွဲဝေပေးအပ်သွားမှာ ဖြစ်ပါတယ်။

** 5 Million Challenge Campaign မှာ ပါဝင်လှူဒါန်းဖို့အတွက် Raffle Ticket တွေဘယ်လို ဝယ်ယူရမလဲ?အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ #5MillionChallenge campaign အတွက် Raffle Ticket များကို CRPH – OFP နှင့် ချိတ်ဆက်စာရင်းသွင်းထားသော Official Fundraiser Network မှ အလှူခံအဖွဲ့အစည်းများထံတွင် မိမိတို့ လှူဒါန်းလိုသော ငွေပမာဏ နှင့်အတူ မိမိတို့၏ အမည် နှင့် ဆက်သွယ်ရန် ဖုံးနံပါတ် (သို့မဟုတ်) အီးမေးလ်လိပ်စာ ကို စာရင်းပေးသွင်းခြင်းဖြင့် Raffle Ticket နံပါတ်များရယူ ပါဝင် လှူဒါန်းနိုင်ပါတယ်။

အလှူရှင်များ စိတ်ချယုံကြည်စွာ ပါဝင်လှူဒါန်းနိုင်ရန်အတွက် နိုင်ငံတကာ Time Zone အလိုက် CRPH-OFP အသိအမှတ်ပြု Fundraiser အဖွဲ့အစည်းများ၏ အမည်နဲ့ ဆက်သွယ်လှူဒါန်းနိုင်မည့် အင်တာနက်လိပ်စာများကို CRPH – OFP page မှာ မကြာခင် စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

Time zone အလိုက် ထပ်တိုး Fundraiser များရှိပါက CPRH-OFP Page တွင်သာ တရားဝင်ထပ်မံ ဖော်ပြသွားမည် ဖြစ်ပါကြောင်း နှင့် CRPH – OFP page တွင်ဖော်ပြထားခြင်းမရှိသော အခြားမည်သည့် အလှူခံ အဖွဲ့အစည်းမျှ ယခု 5 Million Challenge Campaign နှင့် ပတ်သက်ခြင်းမရှိပါကြောင်း အသိပေးဖော်ပြအပ်ပါတယ်။

** Raffle Ticket တစ်စောင်ရဲ့ နှုန်းထားRaffle Ticket တစ်စောင်ကို အခြေခံအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သို့သော်လည်း Raffle Ticket နှုန်းထားများမှာ မိမိတို့နေထိုင်ရာနိုင်ငံအလိုက် အသုံးပြုတဲ့ငွေကြေး Currency နှင့် ငွေကြေးလဲလှယ်နှုန်း exchange rate ပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါတယ်။

CRPH – OFP နှင့် နိုင်ငံတကာ fundraiser များမှ မိမိတို့ နိုင်ငံ အလိုက် ရောင်းချ အလှူခံမည့် ticket price နှုန်းထားများကို အခြေခံ US$ 10 ပေါ်မူတည်၍ သင့်လျှော်သလို တိုင်ပင် တွက်ချက်ထားမည် ဖြစ်ပါသဖြင့် နည်းသည်များသည် သဘောမထားပဲ သတ်မှတ်နှုန်းထားအတိုင်း မိမိတို့ နီးစပ်ရာ CRPH -OFP အသိအမှတ်ပြု Fundraiser များထံတွင် စိတ်ချယုံကြည်စွာ မေးမြန်းဝယ်ယူလှူဒါန်းနိုင်ပါတယ်။

နိုင်ငံအလိုက် သတ်မှတ်နှုန်းထားများကို ဤပို့စ်တွင် တင်ထားပါတယ်။မှတ်ချက်။ ။ စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုအောက်မှာ နေထိုင်နေရသည့်တိုင်အောင် အုပ်တချပ်သဲတပွင့် ပါဝင်လှူဒါန်းလိုသူ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော ရဲရင့်တဲ့ ပြည်သူများအတွက် Raffle Ticket ကို အထူးစျေးနှုန်း မြန်မာငွေတသောင်းကျပ် သတ်မှတ်ပေးထားခြင်းဖြစ်ပါတယ်။

(Edited: 13 August)** အလှူရှင် တစ်ဦးကို Raffle Ticket ဘယ်နှစောင် ဝယ်လို့ရလဲ?အလှူရှင်တွေအတွက် တစ်ဦးလျှင် Raffle Ticketမည်မျှဝယ်ယူခွင့်ရှိတယ်လို့အရေအတွက်အားဖြင့် ကန့်သတ်ထားခြင်း မရှိပါ။

မိမိတို့လှူဒါန်းတဲ့ငွေပမာဏနဲ့ကိုက်ညီတဲ့ Raffle Ticket အရေအတွက် ကို သက်ဆိုင်ရာ Fundraiser မှ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဥပမာ – အမေရိကန်ဒေါ်လာဖြင့် ဝယ်ယူသော အလှူရှင်အတွက် Raffle Ticket တစ်စောင်ကို၁၀ ဒေါ်လာ နှုန်းထား သတ်မှတ်ထားတဲ့အတွက် ဒေါ်လာ ၁၀၀ လှူဒါန်းမယ်ဆိုရင် Raffle Ticket ၁၀ စောင် နံပါတ် ၁၀ ခုကို Fundraiser မှ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

** 5 Million Challenge Campaign မှာ လှူဒါန်းတဲ့အတွက် အသိအမှတ်ပြု Certificate ရရှိမှာလား?လှူဒါန်းသူတိုင်းအတွက် မိမိတို့ လှူဒါန်းမှုနှင့် ညီမျှသော Raffle Ticket နံပါတ်များ နှင့် 5 Million Challenge Campaign ဒီဇိုင်းပါ digital ticket များအား Fundraiser များမှ ပေးအပ်သွားမည် ဖြစ်ပါသဖြင့် CRPH – OFP မှ အသိအမှတ်ပြု email certificate သပ်သပ်ထုတ်ပေးမည် မဟုတ်ပါ။ (Edited: 13 August)

** Raffle Ticket တွေကို သိမ်းထားဖို့ လိုလား?ရည်မှန်းထားတဲ့ အလှူငွေ ပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းပြည့်မီသွားတဲ့အချိန်မှာ အလှူရှင်တွေအတွက် အထူးတုံ့ပြန်ပေးတဲ့အနေနဲ့ Raffle Ticket နံပါတ်များကို မဲဖောက်ပေးပြီး တော်လှန်ရေး အမှတ်တရလေးပစ္စည်းလေးတွေကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်မယ့် အစီအစဥ်ရှိပါတယ်။

ဒါကြောင့် Ticket နံပါတ်တွေကို မည်သူနဲ့မှ မျှဝေခြင်းမပြုဘဲ သေချာစွာ သိမ်းဆည်းထားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။ မိမိဝယ်ယူခဲ့သည့် OFP fundraiser များထံတွင် အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ် (သို့မဟုတ်) အီးမေးလ် လိပ်စာ စာရင်းသွင်းထားရမှာ ဖြစ်ပါတယ်။ သို့မှသာ ဆုမဲပေါက်သည့် အလှူရှင်များကို မိမိတို့ ဝယ်ယူခဲ့တဲ့ Fundraiser များမှတဆင့် ဆုလက်ဆောင်များ ပေးအပ်ရန် ဆက်သွယ်နိုင်မှာ ဖြစ်ပါသည်။

မဲပေါက်သူများ၏ အမည်၊ ဆက်သွယ်ရန်ဖုန်းနံပါတ် (သို့မဟုတ်) အီးမေးလ် လိပ်စာ နှင့် fundraiser ထံတွင် ပေးထားသော စာရင်းကို တိုက်စစ်ပြီးမှသာ ဆုလက်ဆောင်များ ပေးအပ်မည်ဖြစ်ပါတယ်။** မဲဖောက်တဲ့ အစီအစဥ်အကြောင်း အသေးစိတ် ဘယ်မှာ သိနိုင်မလဲ? ဘယ်လိုဆုမဲမျိုးတွေ ပါမှာလဲ?မဲဖောက်တဲ့ အစီအစဥ် အသေးစိတ်ကို CRPH-OFP Page မှာ သြဂုတ်လနောက်ဆုံးပတ်အတွင်း ထပ်မံ ကြေညာပေးသွားမှာဖြစ်ပါတယ်။

ပါဝင်မယ့်ဆုမဲတွေကတော့ တန်ဖိုးမဖြတ်နိုင်အောင် အနုပညာအင်အားကြီးမားတဲ့ ပန်းချီပညာရှင်များရဲ့ တော်လှန်ရေးအမှတ်တရ ရေးဆွဲထားသောပန်းချီကားများထဲမှ အချို့ကို အဓိကဆုမဲများအဖြစ်သတ်မှတ်ထားပြီး ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအမှတ်တရ လက်ဆောင်ပစ္စည်းအမျိုးအမည်များစွာလဲ ပါဝင်မှာဖြစ်ပါတယ်။

** Raffle Ticket နဲ့ အောင်လံလွှင့်ချီ နွေဦးထီ က တူတူပဲလား? CRPH – OFP နှင့် Ministry of Defense (National Unity Government) တို့မှ ပြုလုပ်တဲ့ Raffle Ticket က 5 Million Raffle Ticket Challenge ဒေါ်လာ ၅ သန်း သြဂုတ်လအတွင်း ကောက်ခံရရှိနိုင်အောင် ကမ္ဘာ့နိုင်ငံ အနှံ့မှာ ရှိတဲ့ အလှူရှင်များအတွက် CRPH-OFP Fundraisers များထံတွင် ဝယ်ယူလှူဒါန်းနိုင်တဲ့ Ticket တွေသာ ဖြစ်ပါတယ်။

ဆုမဲကို တော်လှန်ရေး တန်ဖိုးရှိသော လက်ဆောင်များ သာ ပေးအပ်မည် ဖြစ်ပြီး အောင်လံလွှင့်ချီ နွေဦးထီကဲ့သို့ ငွေကြေးဆုမဲများ ပါဝင်မှု မရှိပါ။ အောင်လံလွှင့်ချီ နွေဦးထီ အစီအစဥ်အသေးစိတ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ မကြာခင်ကြေညာမှာ ဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ #5MillionChallenge campaign မှာ လူတိုင်း အားကြိုးမာန်တက် ပါဝင်လှူဒါန်းခြင်းဖြင့် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်နဲ့ ဘဝတွေကို စတေးပေးနေကြတဲ့ တော်လှန်ရေးသူရဲကောင်းတို့ရဲ့ ယုံကြည်ရာ ခြေလှမ်းများအတွက် အားဖြည့်ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်။အရေးတော်ပုံအောင်ကိုအောင်ရမည်။

Credit: CRPH – OFP Fundraising Program

#5MillionChallenge#modNUG#OFPFundraisers#FRCampaigns#SupportRevolutionHeroes

Raffle Ticket ဆိုတာ အသေးစိတ် ဖတ်လိုလျှင်

Raffle Ticket ဝယ်မယ်ဆိုရင်

ဘယ်နိုင်ငံက ဘယ်လောက်ရောင်းထွက်ပြီးပြီလဲဆိုတာ ကြည့်ချင်ရင်