၃၁ မတ်လ ၂၀၂၁ နေ့မှာ စစ်ဘေးရှောင် ကရင်တိုင်းရင်းသားပြည်သူတွေကို ကူညီထောက်ပံ့ရန်အတွက် Iris မှ ကောက်ခံရရှိငွေ စုစုပေါင်း ၄၃၂၁၀၀၀ (လေးဆယ့်သုံးသိန်း နှစ်သောင်း တစ်ထောင်ကျပ်) ကို ကောက်ခံရရှိပါတယ်။
မြေပြင်မှာ တိုက်ရိုက် ကူညီထောက်ပံ့မယ့် အဖွဲ့နဲ့ဆက်သွယ် ကူညီသွားမှာပဲဖြစ်ပါတယ်။ အလှူရှင်အများရဲ့ ဆန္ဒအရ အလှူရှင်စားရင်းကို iris မှ public မတင်ပေးတော့ပါ။
အလှူရှင်စားရင်းရှင်းတမ်း အသေးစိပ်ကို ကြည့်ရှု့လိုသူ အလှူရှင်များအနေနဲ့ မက်ဆေ့ဘောက်ကနေ တောင်းခံကြည့်ရှု့နိုင်ပါတယ်။
စစ်ဘေးရှောင် တိုင်းရင်းသားပြည်သူများ အစစအရာရာ ဘေးကင်းလုံခြုံ အဆင်ပြေကြပါစေ။ အလှူရှင်များလည်း စီးပွါးရေး ကျန်းမာရေး အစစအရာရာ အဆင်ပြေကြပါစေ။ လက်သည်းဆိပ်ရင် လက်ထိပ်နာတယ် ငါတို့ဝိုင်းလို့ကူကြမယ် …
“ အကြင်ခင်ပွန်းတို့သည်အနာနှိပ်စက်သော ကာလ၌လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးသော ကာလ၌လည်းကောင်း၊ စည်းစိမ်ပျက်စီးသော ကာလ၌လည်းကောင်း၊ ရန်သူမိသော ကာလ၌လည်းကောင်း၊ မင်းအိမ်တံခါး၌လည်းကောင်း၊ သုသာန်တစပြင်၌လည်းကောင်း၊ တည်ရပ်ပေကုန်၏။ ထိုခင်ပွန်းတို့သည်သာလျှင် ခင်ပွန်းကောင်းမည်၏။ “
လောကနီတိ အပိုဒ် (၈၆) “