စင်္ကာပူ/ဂျပန် မှ Supporter များ Iris နှင့်အတူ ၁၉-၆-၂၀၂၁ နဲ့ ၂၀-၆-၂၀၂၁ မှာ အမေစုမွေးနေ့အမှတ်တရ ဂုဏ်ပြုလွှာလေး ယူလိုက်ကြရအောင်

စင်္ကာပူ/ဂျပန် မှ Supporter များ Iris နှင့်အတူ ၁၉-၆-၂၀၂၁ နဲ့ ၂၀-၆-၂၀၂၁ မှာ အမေစုမွေးနေ့အမှတ်တရ ဂုဏ်ပြုလွှာလေး ယူလိုက်ကြရအောင်

စင်္ကာပူ/ဂျပန် မှ Supporter များ Iris နှင့်အတူ ၁၉-၆-၂၀၂၁ နဲ့ ၂၀-၆-၂၀၂၁ မှာ အမေစုမွေးနေ့အမှတ်တရ ဂုဏ်ပြုလွှာလေး ယူလိုက်ကြရအောင် (တခြား ofp certified အဖွဲ့တွေမှာလှူလည်း ရပါတယ်နော်။)

#June19#အမေစုမွေးနေ့#amaysuu76birthday#76thbirthday#OFPFundraisers#FRCampaigns

***Below copied from CRPH-OFP

CRPH-OFP အနေနဲ့ အလှူရှင်တွေရဲ့ စေတနာကို အစဉ်အမြဲ တန်ဖိုးထားကြောင်း ပြန်လည်ပြသနိုင်ဖို့ ထူးခြားတဲ့ Surprise အစီအစဉ်လေးကို စီမံဆောင်ရွက်ထားပါပြီ။

အဲ့ဒါကတော့ ယနေ့ ၁၉-၆-၂၀၂၁ မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၆) နှစ်ပြည့် မွေးနေ့ရက်မြတ်အထိမ်းအမှတ်၊ ၁၉-၆-၂၀၂၁ နှင့် ၂၀-၆-၂၀၂၁ ရက်နေ့တို့တွင် ရန်ပုံငွေလှူဒါန်းကြသော အလှူရှင်များအတွက် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံလွှာနဲ့အတူ အသစ်ဖန်တီးပြုလုပ်ထားတဲ့ ကျေးဇူးတင်ဂုဏ်ပြုလွှာလေးတွေကို အီးမေးလ်မှတဆင့် အမှတ်တရ ထုတ်ဝေပေးသွားမယ့် အစီအစဥ်ပဲဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ၂ ရက်တာအတွင်း အလှူငွေ ထည့်ဝင်သူများသာရရှိမယ့် ဤအထူးအစီအစဥ်မှာ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားကြသူတွေအနေနဲ့ ဤကျေးဇူးတင်ဂုဏ်ပြုလွှာလေးကို အမှတ်တရ သိမ်းဆည်းနိုင်မယ့် အခွင့်အရေး လက်မလွတ်ကြရလေအောင် မိမိတို့နှင့် နီးစပ်ရာ OFP Official Fundraiser များထံမှာ အမြန်ဆုံးဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း နှင့် “မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေစု အနှောင်အဖွဲ့မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ပါစေ” လို့ OFP Admin အဖွဲ့မှ အလှူရှင်များနှင့်အတူ ဆုမွန်ကောင်းများတောင်းရင်း ဆော်သြလိုက်ရပါတယ်။


OFP Fundraiser list ကို ရှာရန်

၁) OFP ဝက်ဆိုက်ကို သွားပါ — https://ofp.crphmyanmar.org/

၂) မြေပုံတွင် မိမိတို့ ရောက်ရှိရာနိုင်ငံအလိုက် OFP Fundraiser များကို ရှာဖွေ လှူဒါန်းနိုင်ပါသည်။


အခြား တနည်း

၁) OFP ဝက်ဆိုက်ကို သွားပါ — https://ofp.crphmyanmar.org/

၂) “CRPH-OFP Fundraiser Network” ခေါင်းစဥ်အောက်မှ အနီရောင်ဘားတန်း၏ ညာအစွန်၌ရှိသော အဖြုရောင်မျဥ်းကြောင်း ၃ကြောင်း ကို နှိပ်ပါ။ Fundraiser list ထွက်လာပါမည်။

၃) ပြီးလျှင် မိမိတို့ ရောက်ရှိရာနိုင်ငံအလိုက် OFP Fundraiser များကို ရှာဖွေ လှူဒါန်းနိုင်ပါသည်။