KPay နဲ့ WavePay ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ကျန်နေတဲ့ပိုက်ဆံတွေကို CDMer တွေအတွက် အကျိုးရှိစေဖို့ We Pledge CDM ဝိုင်းကြီးချုပ်နဲ့ GSCB တို့ရဲ့ “ငါတို့ဖုန်းနဲ့ ငါတို့လှူမယ်” Strike လေးမှာ အတူတူ လှူဒါန်းခြင်းဖြင့် ပါဝင်လိုက်ကြရအောင်။
နိုင်ငံတကာမှ အလှူရှင်များလဲ ဒီအစီအစဉ်မှ လှူဒါန်းခြင်းဖြင့် Strike မှာ တနိုင်ငံလုံးနဲ့တူတူ ပါဝင်နိုင်ပါတယ်။
Strike အစီအစဉ်ကတော့နေ့ရက် – မေလ (၁၈)ရက် (အင်္ဂါနေ့)အချိန် – မနက်(၆) နာရီခွဲမှ ည(၈) နာရီ အထိနေရာ – https://www.cdmmyanmar.org ဖြစ်ပါတယ်။
“ငါတို့ဖုန်း ငါတို့ပိုက်ဆံ ငါတို့ပိုင်တယ်ငါတို့ပျောက်နေတဲ့ပိုက်ဆံတွေ ပြန်ရှာပြီးလှူမယ်။”
Wave Money နဲ့ လှူဒါန်းတဲ့ အလှူရှင်များအနေနဲ့ ကိုယ်လှူဒါန်းမယ့်သူရဲ့ ဖုန်းနံပါတ်ကို password လေးတွေပို့ပေးကြဖို့ မမေ့ကြနဲ့နော်။ CDMer များအနေနဲ့လည်း Strike စတင်တဲ့ရက်မှ (၃)ရက်အတွင်း ထုတ်ယူပေးကြပါနော်။
#PhoneStrike#ငါတို့ဖုန်းနဲ့ငါတို့လှူမယ်
မှတ်ချက်။ ။ အကြောင်းအမျိုးမျိုးကြောင့် အဲ့ဒီ့နေ့မှာ KPay နဲ့ WavePay အသုံးပြုမရခဲ့ရင် ပထမဆုံးပြန်လည်အသုံးပြုလို့ရတဲ့နေ့မှာ “ငါတို့ဖုန်းနဲ့ ငါတို့လှူမယ်” strike လေးကို ဆက်လက်လုပ်ဆောင်သွားပါမယ်။